21st Anniversary Message

အခုဆိုရင် Access Spectrum တည်ထောင်ခဲ့တာ ၂၁ နှစ် ရှိသွားပါပြီ။ ဒီ၂၁နှစ်အတွင်းမှာ စီးပွါးရေး နဲ့ အိုင်တီလုပ်ငန်းတွေ နိမ့်မြင့်တက်ကျ အခြေအနေတွေ အမျိုးမျိုးကိုကြုံတွေ့ခဲ့ရပြီး အခြေအနေ ကောင်းတဲ့ ရက်တွေလဲ ရှိခဲ့သလို သိပ်မကောင်းတဲ့ ရက်တွေလဲ ရှိခဲ့ပါတယ်။

အိုင်တီနည်းပညာ အထောက်အကူနဲ့ မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းကလူတွေရဲ့ ဘဝကို ပိုမိုကောင်းစေတဲ့ တိုးတက်မှုအပြောင်းအလဲတွေကို လုပ်ပေးနိုင်ခဲ့တာတွေကို ပြန်တွေးမိတဲ့အခါတိုင်း ဝမ်းသာကြည်နူးရပါတယ်။

ဒီလို လုပ်ပေးခွင့်ရလို့လဲ ကျွန်တော်တို့ရဲ့ ကုမ္ပဏီအဖွဲ့ဝင်များ နှင့် မိသားစုများ၊ ဝယ်ယူအားပေးကြသူများ၊ စီးပွါးရေး မိတ်ဖက်များ နဲ့ အိုင်တီလုပ်ငန်းထဲမှ ကုမ္ပဏီများကို အထူးပဲ ကျေးဇူးတင်ပါတယ်။

သင့်ရဲ့ ဒစ်ဂျစ်တယ် စနစ်သို့ ကူးပြောင်းခြင်း ခရီးလမ်းမှာ တည်ထွင်ဆန်းသစ်မှုတွေနဲ့ အတူပူးပေါင်းပါဝင်ကူညီနိုင်ဖို့ အစဉ်တစိုက် ကြိုးစားအားထုတ် ဆောင်ရွက်နေပါတယ်။





It has been 21 years since we started Access Spectrum. We have experienced the ups and downs of the economy and the industry in Myanmar. There were good days and not-so-good days!

Thinking back over the moments where we made a positive difference in our stakeholders’ lives with technology, I feel very satisfied and happy.

A big thank you to all our staff members and their families, our customers, partners and players in the industry.

We have worked together and continue to evolve to stay innovative and help you in the journey of digital transformation.

About the Author