Error message

Deprecated function: The each() function is deprecated. This message will be suppressed on further calls in menu_set_active_trail() (line 2405 of /home/whmwlt/drupal/includes/menu.inc).

22nd Anniversary Message

၂၀၂၀ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့ မှာဆိုရင်ဖြင့် Access Spectrum တည်ထောင်ခဲ့တာ ၂၂ နှစ် ရှိသွားပါပြီ။ ဒီ ၂၂ နှစ်အတွင်းမှာ စီးပွါးရေး နဲ့ အိုင်တီလုပ်ငန်းတွေ နိမ့်မြင့်တက်ကျ အခြေအနေတွေ အမျိုးမျိုးကိုကြုံတွေ့ခဲ့ရပြီး အခြေအနေ ကောင်းတဲ့ရက်တွေလဲ ရှိခဲ့သလို သိပ်မကောင်းတဲ့ရက်တွေလဲ ရှိခဲ့ပါတယ်။

အိုင်တီနည်းပညာ အထောက်အကူနဲ့ မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းကလူတွေရဲ့ ဘဝကို ပိုမိုကောင်းစေတဲ့ တိုးတက်မှုအပြောင်းအလဲတွေကို လုပ်ပေးနိုင်ခဲ့တာတွေကို ပြန်တွေးမိတဲ့အခါတိုင်း ကျွန်တော်တို့ ဝမ်းသာကြည်နူးရပါတယ်။ ဒီလို လုပ်ပေးခွင့်ရလို့လဲ ကျွန်တော်တို့ရဲ့ ကုမ္ပဏီအဖွဲ့ဝင်များ နှင့် မိသားစုများ၊ ဝယ်ယူအားပေးကြသူများ၊ စီးပွါးရေး မိတ်ဖက်များ နဲ့ အိုင်တီလုပ်ငန်းထဲမှ ကုမ္ပဏီများကို အထူးပဲ ကျေးဇူးတင်ပါတယ်။

ဒီနှစ်မှာဆိုရင်ဖြင့်ကျွန်တော်တို့အားလုံးဟာ ကိုဗစ်၁၉ ရောဂါကို တကမ္ဘာလုံးအတိုင်းအတာဖြင့် ရင်ဆိုင်နေကြရပါတယ်။ ဒီလိုအချိန်မှာ ကျွန်တော်တို့အားလုံးကို ပြောင်းလဲသိရှိစေလိုက်တာ ကတော့ ကျွန်တော်တို့လူသားတွေဟာ တစ်ယောက်နှင့်တစ်ယောက်ကြား ဘယ်လောက်တောင် အပြန်အလှန် ဆက်သွယ်မှီခိုနေကြတယ် ဆိုတာပါပဲ။

အဆိုးထဲကအကောင်းလို့ ဆိုရမလားပါပဲ။ ကိုဗစ် ၁၉ ကြောင့် ကျွန်တော်တို့တွေရဲ့အလုပ်ခွင်ထဲက လုပ်ဆောင်မှုပုံစံတွေဟာ နှစ်ပေါင်းများစွာ ပြုလုပ်ရန် ကြန့်ကြာနေတဲ့ ဒီဂျစ်တယ်အသွင်သို့ အချိန်တိုအတွင်းမှာပင် ခုန်ကူး ပြောင်းလဲမှုတွေ လုပ်ဆောင်လာကြတာကို မြင်တွေ့လာရပါတယ်။ ဒီလိုမျိုး လုပ်ငန်းတွေ အသွင်ကူးပြောင်းလာတဲ့ ခရီးစဉ်တစ်လျှောက်မှာ အိုင်တီကုမ္ပဏီ တစ်ခုအနေဖြင့် ကျွန်တော်တို့ရဲ့ customer များကို အတူတကွ ပူးပေါင်းပါဝင် ကူညီခွင့်ရခဲ့တဲ့အတွက်လည်း အလွန်ပင် ကျေးဇူးတင်မိပါတယ်။

ယခုလို လိုအပ်နေတဲ့အချိန်တစ်ခုမှာ ကျွန်တော်တို့ရဲ့ အများအကျိုးဆောင်ရွက်မှု အနေဖြင့် ကိုဗစ် ၁၉ ရောဂါကို အတူတကွ တိုက်ဖျက်နိုင်ဖို့ အတွက်ကိုလည်း လူမှုရေး၊ ကျန်းမာရေး အဖွဲ့အစည်းများနှင့်အတူ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် လိုအပ်သည်များကို ကူညီပေးလျက်ရှိပါတယ်။

ကိုဗစ် ၁၉ ရောဂါဆိုးကြီးကို အတူတကွ ကျော်ဖြတ်နိုင်ကြပြီး အားလုံး ကျန်းကျန်းမာမာနှင့် ပြန်လည်ဆုံတွေ့နိုင်ရန်အတွက် ဆုမွန်ချွေလျက်.....

၂၀၂၀ ခုႏွစ္ စက္တင္ဘာ ၂၄ ရက္ေန႔ မွာဆိုရင္ျဖင့္ Access Spectrum တည္ေထာင္ခဲ့တာ ၂၂ ႏွစ္ ရွိသြားပါၿပီ။ ဒီ ၂၂ ႏွစ္အတြင္းမွာ စီးပြါးေရး နဲ႔ အိုင္တီလုပ္ငန္းေတြ နိမ့္ျမင့္တက္က် အေျခအေနေတြ အမ်ိဳးမ်ိဳးကိုၾကဳံေတြ႕ခဲ့ရၿပီး အေျခအေန ေကာင္းတဲ့ရက္ေတြလဲ ရွိခဲ့သလို သိပ္မေကာင္းတဲ့ရက္ေတြလဲ ရွိခဲ့ပါတယ္။

အိုင္တီနည္းပညာ အေထာက္အကူနဲ႔ မိမိပတ္ဝန္းက်င္ အသိုင္းအဝိုင္းကလူေတြရဲ့ ဘဝကို ပိုမိုေကာင္းေစတဲ့ တိုးတက္မႈအေျပာင္းအလဲေတြကို လုပ္ေပးနိုင္ခဲ့တာေတြကို ျပန္ေတြးမိတဲ့အခါတိုင္း ကၽြန္ေတာ္တို႔ ဝမ္းသာၾကည္ႏူးရပါတယ္။ ဒီလို လုပ္ေပးခြင့္ရလို႔လဲ ကၽြန္ေတာ္တို႔ရဲ့ ကုမၸဏီအဖြဲ႕ဝင္မ်ား ႏွင့္ မိသားစုမ်ား၊ ဝယ္ယူအားေပးၾကသူမ်ား၊ စီးပြါးေရး မိတ္ဖက္မ်ား နဲ႔ အိုင္တီလုပ္ငန္းထဲမွ ကုမၸဏီမ်ားကို အထူးပဲ ေက်းဇူးတင္ပါတယ္။

ဒီႏွစ္မွာဆိုရင္ျဖင့္ကၽြန္ေတာ္တို႔အားလုံးဟာ ကိုဗစ္၁၉ ေရာဂါကို တကမၻာလုံးအတိုင္းအတာျဖင့္ ရင္ဆိုင္ေနၾကရပါတယ္။ ဒီလိုအခ်ိန္မွာ ကၽြန္ေတာ္တို႔အားလုံးကို ေျပာင္းလဲသိရွိေစလိုက္တာ ကေတာ့ ကၽြန္ေတာ္တို႔လူသားေတြဟာ တစ္ေယာက္ႏွင့္တစ္ေယာက္ၾကား ဘယ္ေလာက္ေတာင္ အျပန္အလွန္ ဆက္သြယ္မွီခိုေနၾကတယ္ ဆိုတာပါပဲ။

အဆိုးထဲကအေကာင္းလို႔ ဆိုရမလားပါပဲ။ ကိုဗစ္ ၁၉ ေၾကာင့္ ကၽြန္ေတာ္တို႔ေတြရဲ့အလုပ္ခြင္ထဲက လုပ္ေဆာင္မႈပုံစံေတြဟာ ႏွစ္ေပါင္းမ်ားစြာ ျပဳလုပ္ရန္ ၾကန႔္ၾကာေနတဲ့ ဒီဂ်စ္တယ္အသြင္သို႔ အခ်ိန္တိုအတြင္းမွာပင္ ခုန္ကူး ေျပာင္းလဲမႈေတြ လုပ္ေဆာင္လာၾကတာကို ျမင္ေတြ႕လာရပါတယ္။ ဒီလိုမ်ိဳး လုပ္ငန္းေတြ အသြင္ကူးေျပာင္းလာတဲ့ ခရီးစဥ္တစ္ေလၽွာက္မွာ အိုင္တီကုမၸဏီ တစ္ခုအေနျဖင့္ ကၽြန္ေတာ္တို႔ရဲ့ customer မ်ားကို အတူတကြ ပူးေပါင္းပါဝင္ ကူညီခြင့္ရခဲ့တဲ့အတြက္လည္း အလြန္ပင္ ေက်းဇူးတင္မိပါတယ္။

ယခုလို လိုအပ္ေနတဲ့အခ်ိန္တစ္ခုမွာ ကၽြန္ေတာ္တို႔ရဲ့ အမ်ားအက်ိဳးေဆာင္ရြက္မႈ အေနျဖင့္ ကိုဗစ္ ၁၉ ေရာဂါကို အတူတကြ တိုက္ဖ်က္နိုင္ဖို႔ အတြက္ကိုလည္း လူမႈေရး၊ က်န္းမာေရး အဖြဲ႕အစည္းမ်ားႏွင့္အတူ ကိုယ္စြမ္း ဉာဏ္စြမ္းရွိသေလာက္ လိုအပ္သည္မ်ားကို ကူညီေပးလ်က္ရွိပါတယ္။

ကိုဗစ္ ၁၉ ေရာဂါဆိုးႀကီးကို အတူတကြ ေက်ာ္ျဖတ္နိုင္ၾကၿပီး အားလုံး က်န္းက်န္းမာမာႏွင့္ ျပန္လည္ဆုံေတြ႕နိုင္ရန္အတြက္ ဆုမြန္ေခၽြလ်က္.....

It has been 22 years since we started Access Spectrum. During this time, we have experienced the ups and downs of the economy and the industry in Myanmar, and worldwide.

A big thank you to all our staff members and their families, our customers, partners and players in the industry.

This year is unique as we are going through the COVID-19 pandemic worldwide. It has changed all of us as never before in our generation and has made us realize how interdependent we are on each other.
COVID-19 has forced organizations and individuals to change the way work is done and has accelerated the need for Digital Transformation. In this endeavor, we have been fortunate enough to have been able to support organizations in speeding up their digital transformation processes.
During this time of need, our philanthropic arm has increased its support to the community, healthcare professionals and first responders in the fight against COVID-19.

May all of you stay safe and healthy!

Access Spectrum Team

About the Author