VMware Techology Workshop by Access Spectrum + Vmware News Article
မျက်မှောက်ကာလသည် မြန်မာနိုင်ငံ၏ အပြောင်းအလဲများအတွက် ပြင်ဆင်နေကြသည့်ကာလဖြစ်သည့်အလျောက် နိုင်ငံတော်နှင့် နိုင်ငံသားများဖွံ့ဖြိုးမှုအတွက် အရေးကြီးသောအခန်းကဏ္ဍများမှာပါ၀င်လျက်ရှိသော သတင်းအချက်အလက် ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍဆိုင်ရာများကို အထောက်အကူ ဖြစ်စေသည့် VMware Technology Workshop ကို Access Spectrum Co., Ltd နှင့် VMware တို့မှ ပူးပေါင်း၍ ၄ ရက် ၁၂ လ ၂၀၁၅ခုနှစ် တွင် လှိုင်မြို့နယ် ပြည်လမ်းမကြီးပေါ်ရှိ Novotel Max Hotel ရှိ Eurika Meeting room ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို စီးပွားရေးလုပ်ငန်းရှင်များ၊ နည်းပညာနယ်ပယ်မှ အသိပညာရှင် အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအစီအစဉ် အရ အဖွင့်အမှာစကားကို Access Spectrum Co., Ltd မှ CEO ဦးတင်ထူးခိုင်မှ ပြောကြားခဲ့ပြီး မျက်မှောက်ကာလတွင် နည်းပညာကဏ္ဍသည် ကဏ္ဍပေါင်းစုံတွင်အရေးကြီးသော အခန်းကဏ္ဍမှပါ၀င်လျက်ရှိကြောင်း Mobile Phone, Cloud Computing နည်းပညာ၊ လူမှုကွန်ယက်များနှင့် Laptop, Tablet အစရှိသည့်နည်းပညာပစ္စည်းများသည် စီးပွားရေးလုပ်ငန်း များအတွက် ကြီးမားသော အပြောင်းအလဲကို ဖြစ်စေကြောင်း ထို့ကြောင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းများလုပ်ဆောင်ရာတွင် မြန်ဆန်စွာဆောင်ရွက်နိုင်စေရန်နှင့် အချက်အလက်များ လုံခြုံစိတ်ချစွာတည်ရှိနိုင်စေရန် နိုင်ငံတကာအဆင့်မီ ICT Solution များကိုလိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် VMware Technology မှ Business Development Manager ဖြစ်သော Mr. Jaffer Ali Khan မှ "Accelerating Business Innovation in a Liquid World" ခေါင်းစဉ်ဖြင့် VMware နည်းပညာသည် စီးပွားရေးလုပ်ငန်း များအတွက် အံဝင်ခွင်ကျဖြစ်စေပုံ၊ စီးပွားရေးလုပ်ငန်းသုံး Application များကို ထိရောက်စွာ အသုံးချနိုင်စေရန် ဆောင်ရွက်ပေးပုံနှင့် Cloud Computing Technology Infrastructure ဟာ စီးပွားရေးလုပ်ငန်းများအတွက် အရေးကြီးသည့် Application များကို လုပ်ဆောင်ပေးနိုင်ပုံတို့ကို ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး Access Spectrum Co., Ltd ၏ CEO ဦးတင်ထူးခိုင်မှ Software Define Data Canter (SDDC) ၏ အရေးပါပုံ၊ စီးပွားရေးလုပ်ငန်းများကို ကုန်ကျစရိတ်သက်သာစွာဖြင့် လျင်မြန်ပြီး လုံခြံုမှုရှိစေပုံများကို Case Study များ၊ Reference Architecture ပုံစံများနှင့်တကွ ရှင်းလင်းပြောကြားခဲ့ပါသည်။
VMware Technology Myanmar မှ Senior Solution Architect တစ်ဦးဖြစ်သော ဦးဘိုဘိုဇင်မှလဲ VMware နည်းပညာဖြင့် Virtual Desktop Infrastructure တည်ဆောက်ပုံနှင့် ၄င်း၏ စီးပွားရေးလုပ်ငန်းများအပေါ်တွင် အကျိုးပြုပုံများ၊ VMware မှထုတ်လုပ်သော Solution များ၏ အသုံးဝင်ပုံများကို သရုပ်ပြချက်များနှင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ကြွရောက်လာသော ဧည့်သည်တော်များမှ မေးမြန်းလာသည်များကိုပြန်လည် ဖြေကြားခဲ့ပြီး Lucky Draw အစီအစဉ်ကိုကျင်းပကာ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံပြီး အခမ်းအနားကို အောင်မြင်စွာပိတ်သိမ်းခဲ့ပါသည်။

VMware Techology Workshop by Access Spectrum + Vmware News Article
မ်က္ေမွာက္ကာလသည္ ျမန္မာႏိုင္ငံ၏ အေျပာင္းအလဲမ်ားအတြက္ ျပင္ဆင္ေနၾကသည့္ကာလျဖစ္သည့္အေလ်ာက္ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားမ်ားဖြံ႔ၿဖိဳးမႈအတြက္ အေရးႀကီးေသာအခန္းက႑မ်ားမွာပါ၀င္လ်က္ရိွေသာ သတင္းအခ်က္အလက္ ဆက္သြယ္ေရးႏွင့္ နည္းပညာက႑ဆိုင္ရာမ်ားကို အေထာက္အကူ ျဖစ္ေစသည့္ VMware Technology Workshop ကို Access Spectrum Co., Ltd ႏွင့္ VMware တို႔မွ ပူးေပါင္း၍ ၄ ရက္ ၁၂ လ ၂၀၁၅ခုႏွစ္ တြင္ လိႈင္ၿမိဳ႕နယ္ ျပည္လမ္းမႀကီးေပၚရိွ Novotel Max Hotel ရိွ Eurika Meeting room ၌ က်င္းပျပဳလုပ္ခဲ့ပါသည္။ အခမ္းအနားကို စီးပြားေရးလုပ္ငန္းရွင္မ်ား၊ နည္းပညာနယ္ပယ္မွ အသိပညာရွင္ အတတ္ပညာရွင္မ်ား၊ ဌာနဆိုင္ရာမွ ပုဂိၢဳလ္မ်ား တက္ေရာက္ခဲ့ၾကပါသည္။ အခမ္းအနားအစီအစဥ္ အရ အဖြင့္အမွာစကားကို Access Spectrum Co., Ltd မွ CEO ဦးတင္ထူးခိုင္မွ ေျပာၾကားခဲ့ၿပီး မ်က္ေမွာက္ကာလတြင္ နည္းပညာက႑သည္ က႑ေပါင္းစံုတြင္အေရးႀကီးေသာ အခန္းက႑မွပါ၀င္လ်က္ရိွေၾကာင္း Mobile Phone, Cloud Computing နည္းပညာ၊ လူမႈကြန္ယက္မ်ားႏွင့္ Laptop, Tablet အစရိွသည့္နည္းပညာပစၥည္းမ်ားသည္ စီးပြားေရးလုပ္ငန္း မ်ားအတြက္ ႀကီးမားေသာ အေျပာင္းအလဲကို ျဖစ္ေစေၾကာင္း ထို႔ေၾကာင့္ စီးပြားေရးလုပ္ငန္းမ်ားအေနျဖင့္ မိမိတို႔၏ လုပ္ငန္းမ်ားလုပ္ေဆာင္ရာတြင္ ျမန္ဆန္စြာေဆာင္ရြက္ႏိုင္ေစရန္ႏွင့္ အခ်က္အလက္မ်ား လံုၿခံဳစိတ္ခ်စြာတည္ရိွႏိုင္ေစရန္ ႏိုင္ငံတကာအဆင့္မီ ICT Solution မ်ားကိုလိုအပ္ေၾကာင္း ေျပာၾကားခဲ့ပါသည္။
ထို႔ေနာက္ VMware Technology မွ Business Development Manager ျဖစ္ေသာ Mr. Jaffer Ali Khan မွ "Accelerating Business Innovation in a Liquid World" ေခါင္းစဥ္ျဖင့္ VMware နည္းပညာသည္ စီးပြားေရးလုပ္ငန္း မ်ားအတြက္ အံ၀င္ခြင္က်ျဖစ္ေစပံု၊ စီးပြားေရးလုပ္ငန္းသံုး Application မ်ားကို ထိေရာက္စြာ အသံုးခ်ႏိုင္ေစရန္ ေဆာင္ရြက္ေပးပံုႏွင့္ Cloud Computing Technology Infrastructure ဟာ စီးပြားေရးလုပ္ငန္းမ်ားအတြက္ အေရးႀကီးသည့္ Application မ်ားကို လုပ္ေဆာင္ေပးႏိုင္ပံုတို႔ကို ေျပာၾကားခဲ့ပါသည္။
ဆက္လက္ၿပီး Access Spectrum Co., Ltd ၏ CEO ဦးတင္ထူးခိုင္မွ Software Define Data Canter (SDDC) ၏ အေရးပါပံု၊ စီးပြားေရးလုပ္ငန္းမ်ားကို ကုန္က်စရိတ္သက္သာစြာျဖင့္ လ်င္ျမန္ၿပီး လံုၿခံဳမႈရိွေစပံုမ်ားကို Case Study မ်ား၊ Reference Architecture ပံုစံမ်ားႏွင့္တကြ ရွင္းလင္းေျပာၾကားခဲ့ပါသည္။
VMware Technology Myanmar မွ Senior Solution Architect တစ္ဦးျဖစ္ေသာ ဦးဘိုဘိုဇင္မွလဲ VMware နည္းပညာျဖင့္ Virtual Desktop Infrastructure တည္ေဆာက္ပံုႏွင့္ ၄င္း၏ စီးပြားေရးလုပ္ငန္းမ်ားအေပၚတြင္ အက်ိဳးျပဳပံုမ်ား၊ VMware မွထုတ္လုပ္ေသာ Solution မ်ား၏ အသံုး၀င္ပံုမ်ားကို သရုပ္ျပခ်က္မ်ားႏွင့္ ရွင္းလင္းေျပာၾကားခဲ့ပါသည္။
ထို႔ေနာက္ ၾကြေရာက္လာေသာ ဧည့္သည္ေတာ္မ်ားမွ ေမးျမန္းလာသည္မ်ားကိုျပန္လည္ ေျဖၾကားခဲ့ၿပီး Lucky Draw အစီအစဥ္ကိုက်င္းပကာ ေန႔လည္စာျဖင့္ တည္ခင္းဧည့္ခံၿပီး အခမ္းအနားကို ေအာင္ျမင္စြာပိတ္သိမ္းခဲ့ပါသည္။

Image: 
, , ,